Feminism ဆိုတာဟာ ကျား၊မ တန်းတူအခွင့်အ​ရေး ရရှိ​ရေးမူဝါဒ တစ်ခုပဲဖြစ်ပါတယ်။ ဒီ​ဝေါဟာရဖြစ်ပေါ်လာပုံ သမိုင်း​ကြောင်း ဖြစ်​ပေါ်လာ​ပုံအဆင့်​ဆင့်ကို ​လေ့လာရရင် Wave ​လေးခုနဲ့ ခွဲခြားနိုင်ပါတယ်။

၁။ 1st Wave (1940-1960) – Liberalism ဝါဒကိုအ​ခြေခံပြီး အမျိူးသမီးကိုယ်စားလှယ်​လောင်း​တွေဟာ အမျိုးသမီးထုအတွက် မဲ​ပေးခွင့် ကိုယ်စားလှယ်ဖြစ်ခွင့်​တွေအတွက် ကြိုးပမ်းခဲ့ကြချိန်ဖြစ်ပါတယ်။

၂။ 2nd Wave (1960 – 1990) – ကိုလိုနီပြီးဆုံးချိန်ကာလမှာ ပညာတတ်ဓနရှင်လူတန်းစား​တွေမှ ဦး​ဆောင်ပြီး ကျားမ တန်းတူညီမျှမှုအတွက် လုပ်ငန်းစဥ်များ ချမှတ်လုပ်​ဆောင်​နေချိန်ဖြစ်ပြီး..

၃။ 3rd Wave (1990 – 2015) – ဒီကာလက​​တော့ NGO အဖွဲ့အစည်းများနဲ့ ပူး​ပေါင်း​ဆောင်ရွက်ပြီး၊ကျားမတန်းတူအခွင့်အ​ရေးဆိုင်ရာ ဥပ​ဒေ​များကို ပြုပြင်တိုးတက်​အောင် ​ဆောင်ရွက်​နေချိန်ဖြစ်ပါတယ်။

၄။4th Wave ( 2015 – Present) – ယခုကာလဖြစ်ပြီး၊ အ​နောက်တိုင်း Feminist ​ကျောင်းသား​တွေမှ ဦး​ဆောင်ပြီး အိမ်တွင်းအကြမ်းဖက်မှု​တွေ လူတန်းစားခွဲခြားမှု​တွေနဲ့ အမျိူးသမီးများအား စက်ဆုပ်ရွံရှာမှု​တွေ ပ​ပျောက်​အောင် တစ်ဟုန်ထိုး​ဆောင်ရွက်​နေကြပြီဖြစ်ပါတယ်။ 

မြန်မာ့လူနေမှု အသိုင်းအဝိုင်းမှာ​တော့.. 

“ယောက်ျားဆိုတာ အိမ်ဦးနတ်၊ကြက်မ တွန်လို့ မိုးမလင်း၊ လင်ကိုဘုရား သားကိုသခင်” စတဲ့ စကားတွေဟာ အမျိုးသမီးတွေရဲ့ ​ရှေ့ကိုလှမ်းဖို့ပြင်နေတဲ့ ခြေထောက်တွေကို ရိုက်ချိုးပစ်သလိုပါပဲ။ 

“သမီးကညာ အခါမလင့်စေနှင့်၊မောင်တကျိပ်ပင် ရှိလင့်ကစား လင်ယောက်ျားမရှိသည့်မိန်းမ မတင့်တယ်” စတဲ့သတ်မှတ်ချက်တွေဟာ တကယ်​တော့ အမျိုးသမီးတွေရဲ့ ရပ်တည်မှုကို ကန့်သတ်လိုက်တာပဲဖြစ်ပါတယ်။

ဒါ​တွေဟာ လူမှုအသိုင်းအဝိုင်းကြားမှာရှိတဲ့ သတ်မှတ်ချက်ဖြစ်လို့ လူမှုအသိုင်းအဝိုင်းကပဲ ပြင်ရမယ့်ကိစ္စမျိုး ဖြစ်ပါတယ်။ကျွန်မတို့ မြန်မာနိုင်ငံမှာ Feminism လို့ဆိုလိုက်တာနဲ့ အမျိုးသမီးတွေနဲ့သာ သက်ဆိုင်တဲ့ အရာတစ်ခုလို့မြင်တတ်ကြပါတယ်။တကယ်တော့ Feminism ( is for all) က အားလုံးအတွက်ပဲဖြစ်ပါတယ်။ ကျား၊မ မရွေး Feminismကို နားလည်ပြီး Feminist တွေဖြစ်သင့်ပါတယ်။ တင်းကျပ်တဲ့ လူမှုစံနှုန်းတွေကို တွန်းလှန်ပြီး ပြည့်၀တဲ့ လူ့အခွင့်အရေးတွေအတွက် ကျွန်မတို့အားလုံး Feminism ကိုတကယ်လိုအပ်ပါတယ်။

ကမ္ဘာ​ပေါ်မှာရှိတဲ့ နိုင်ငံတစ်ဝှမ်းမှာဆိုရင်လည်း မိသားစုပဲဖြစ်ဖြစ်၊အဖွဲ့အစည်းပဲဖြစ်ဖြစ် ကြည့်မယ်ဆိုရင် အမျိုးသား​တွေကပဲ ဦး​ဆောင်ကြတာများနေပါတယ်။ ဘာ​ကြောင့်လဲဆို​ရင် နိုင်ငံအ​နေနဲ့ပဲကြည့်ကြည့်၊ လူသားတစ်ဦချင်းအ​နေနဲ့ပဲကြည့်ကြည့် မိန်းမဆိုတာ အားနည်းတဲ့လူသားတစ်ဦးအ​နေနဲ့ oတ်မှတ်ထားလို့ပဲဖြစ်ပါတယ်။ 

ယခင်က တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ ကို ကြည့်မယ်ဆိုရင်လည်း အမျိုးသမီး ကိုယ်ဝန်​ဆောင်​တွေဆိုရင်သိသိသာသာရှုံ့ချကြပါတယ်။ တစ်ချို့မိသားစု​​​တွေဆိုရင် Ultrasound ရိုက်ကြည့်ကြပြီး၊ သမီးဦးဆိုရင်အတင်းအကြပ် ကိုယ်၀န်ဖျက်ချခိုင်းတာ​တွေ​တောင်ရှိပါတယ်။ ဒီလိုအဖြစ်အပျက်မျိုး​တွေဟာ နိုင်ငံတော်တော်များများမှာဖြစ်ခဲ့ပါတယ်​။အခုထိလည်း တချို့နိုင်ငံများတွင် ဖြစ်​နေဆဲပဲဖြစ်ပါတယ်။

နောက်ပြီး မြန်မာနိုင်ငံမှာ Rape ကိစ္စတွေဟာဆိုရင် နှစ်စဉ် ပိုပိုများလာတာတွေ့ရပါတယ်။ 2017 မှာ အရင်နှစ်ကထက် Case 305 ခုပိုများလာတာတွေ့ရပြီး​၊ အရွယ်မရောက်သေးတဲ့ အမျိုးသမီး၊ က​လေးငယ်​တွေက Rape Case တွေပိုမို ခံစားနေရပါတယ်။ အမျိုးသမီးတွေကို rape ကိစ္စတွေကနေ ကာကွယ်ဖို့ အတိုအပြတ်တွေ မဝတ်ကြဖို့ ထုတ်ပြန်ခဲ့တာ​တွေကလည်း၊ လုံးဝ မဖြစ်သင့်ပါဘူး။ အဓမ္မမှုကို ကျူးလွန်ချင်နေတဲ့ သူတစ်ယောက်ဟာ မိန်းကလေးတစ်ယောက် အတိုဝတ်ခြင်း၊မဝတ်ခြင်းနဲ့ မဆိုင်ပါဘူး။ ဒါဟာ ကျူးလွန်သူရဲ့ ပင်ကိုယုတ်မာချင်တဲ့၊ တဏှာရာဂ စိတ်အပေါ်မှာပဲ မူတည်​နေပါတယ်။ 

ဟိုးအရင်က အချို့​သောစကားပုံတွေကလည်း Gender နဲ့ပတ်သက်ပြီး ညီမျှမှုမရှိတာ၊အမျိုးသမီးတွေကို နေရာမပေးချင်တဲ့ အဓိပ္ပါယ်မျိုး​​တွေ ပါနေတတ်ပါတယ်။ ဥပမာ “မိန်းမတို့ဘုန်း ဆံထုံး၊ ယောကျ်ားတို့ဘုန်း လက်ရုံး” ၊ “ကြက်မတွန်လို့ မိုးမလင်း” စတဲ့ စကားပုံမျိုးမှာဆိုရင် မိန်းမတွေရဲ့ အခန်းကဏ္ဍဟာ အရေးမပါဘူး၊ ယောကျာ်းလေးတွေကသာ ဦးဆောင်နိုင်တယ် ဆိုတဲ့သဘောမျိုး ပြောကြတာ တွေ့ရပါတယ်။ အလားတူပဲ “မဖျက် ပြည်ပျက်”၊ “အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်တာ” စတဲ့စကားတွေမှာ ဆိုရင်လည်း အမျိုးသမီးတွေကို ဖိနှိပ်တဲ့သဘောတွေပါနေပါတယ်။ 

တဖန် “ရာသီလာတာသွေးယုတ်တွေ ဆင်းတာ” စတဲ့ အပြောမျိုးတွေကြောင့်လည်း အမျိုးသမီးတွေ ရာသီလာတဲ့ကိစ္စကို သာမန် ကျန်းမာရေးကိစ္စတစ်ခုလို မမြင်ဘဲ ရွံစရာ၊ ရှက်စရာ ကိစ္စလို့ ထင်သွားစေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အမှတ်မထင်ပြောလိုက်ပေမယ့် ဒီလိုစကားမျိုးတွေက Gender မညီမျှတာကို ပိုပြီးအားပေးစေတာမျိုးဖြစ်တဲ့အတွက် ကိုယ့်အနေနဲ့ အတတ်နိုင်ဆုံး မသုံးမိအောင် သတိထားသင့်ပါတယ်။ 

အထက်ပါ တရားမျှတမှု မရှိတဲ့ ကျားမ ခွဲခြားဆက်ဆံမှု ၊အမျိုးသမီး များကိုနှိမ့်ချဆက်ဆံမှု​၊ နှုတ်ဖြင့်မထိတထိရိသဲ့သဲ့ စော်ကားမှု၊ ကိုယ်ထိလက်ရောက်စော်ကားမှု စတာ​တွေကို အပြီးအပိုင် ဖျောက်ဖျက်နိုင်စေဖို့၊ အခုချိန်မှာ​​တော့ အမျိုးသမီး အများစု ဟာ Feminist များ အဖြစ် ရပ်တည်လာကြပြီ ဖြစ်ပါတယ်။ 

အမျိုးသမီးတွေဟာ အမျိုးသားတွေနှင့်ခြားနားခြင်းမရှိပါဘူး​။ အားနွဲ့သူတွေလည်း မဟုတ်ကြပါဘူး၊

အမျိုးသားများနှင့် တန်းတူ ရည်တူ လုပ်ကိုင် နိုင်စွမ်း ရှိကြပြီးသည့်အပြင်၊ အမျိုးသားများထက်တောင် သာ လွန်သော အစွမ်းအစ တချို့ပင် ရှိကြပြီး ဖြစ်ပါတယ်။

ဒါကြောင့်မို့ မှားယွင်းသော အယူအဆ​တွေနဲ့ အမျိုးကောင်းသမီး တို့ကို နှိမ့်ချစော်ကားခြင်းကို မပြုလုပ်ကြဖို့ သတိပြုစေချင်ပါတယ်။ ယခုဆိုရင် အမျိုးသမီး Feminists များ မှ အမျိုးသမီးများ မတရားသဖြင့် ခွဲခြားခံရမှုများ ရှိ​နေလျှင်၊ဥပဒေနှင့်အညီ အရေးယူခြင်း တို့ကိုလည်း စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။

အချူပ်အ​နေနဲ့ လူသားတိုင်းမှာ လူ့အခွင့်အရေးဆိုတာ ရှိပါတယ်။ ထိုအခွင့်အရေး ဟာ လူသားတိုင်း ကိုယ်စီ ပေးထားခြင်း ဖြစ်ပါတယ် ကျား/မ မရွေးပါ ခွဲခြားထားခြင်းမရှိပါဘူး၊ ဒါဟာ ကျားမ ခွဲခြားဆက်ဆံလာသူတွေ​​က လူအခွင့်အရေး ကို ချိုးဖောက်လာ​သော​ကြောင့်သာ Feminism ဆိုတာ​ပေါ်​ပေါက်လာရခြင်းဖြစ်ပါတယ်

Let’s Become a Feminist and Fight the unjust world around us.

By- Hsu Thet Paing Min, Nan Shwe Win, Aye Myat Mu, Luxmie, Shwe Yi Myint Myat