ယ​နေ့ ပတ်ဝန်းကျင်တွင် “လွတ်လပ်စွာ ထုတ်​​​​ဖော်​ပြောဆိုခွင့်ရှိတယ် ဒီမိုက​ရေစီနိုင်ငံမှာ​နေတာ “ ဟူ​​သော စကားကို မကြာခဏ ကြားရသည်။ လွတ်လပ်စွာ ထုတ်​ဖော်​ပြောဆိုခွင့်သည် မည်သို့သောအခွင့်အ‌ရေး ဖြစ်သနည်း။ ထိုမေးခွန်းကို တိကျ​သေချာ​သော အ​ဖြေအား မရနိုင်ဘဲ ထင်ရာ​တွေး  အ​ဖြေထုတ် တတ်ကြသည်။ လွတ်လပ်စွာထုတ်​​ဖော်​ပြောဆိုခွင့်သည် လူမျိုးနွယ်အားဖြင့် ဖြစ်စေ၊ အသားအရောင်အားဖြင့် ဖြစ်စေ၊ ကျား၊ မ၊ သဘာဝအားဖြင့် ဖြစ်စေ၊ ဘာသာစကားအားဖြင့် ဖြစ်စေ၊ ကိုးကွယ်သည့် ဘာသာအားဖြင့် ဖြစ်စေ၊ နိုင်ငံရေးယူဆချက်၊ သို့မဟုတ် အခြားယူဆချက်ဖြင့် ဖြစ်စေ၊ နိုင်ငံနှင့် ဆိုင်သော၊ သို့မဟုတ် လူမှုအဆင့်အတန်းနှင့် ဆိုင်သော ဇစ်မြစ် အားဖြင့်ဖြစ်စေ၊ ပစ္စည်း ဥစ္စာ ဂုဏ်အားဖြင့် ဖြစ်စေ၊ မျိုးရိုးဇာတိအားဖြင့် ဖြစ်စေ၊ အခြား အဆင့်အတန်း အားဖြင့် ဖြစ်စေ ခွဲခြားခြင်းမရှိဘဲ မည်သူမဆို တန်းတူညီမျှရသင့်​သော လူ့အခွင့်အ​ရေး ဖြစ်သည်။  

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အဓိပ္ပါယ်ဖွင့်ဆိုချက်

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် (Freedom of Expression)ဆိုသည်မှာ မိမိ ထင်မြင်ယူဆချက်များကိုထုတ်ဖော်ခြင်း၊ပြောဆိုခြင်း၊ရေးသားခြင်း၊ရွတ်ဆိုခြင်း၊အမူအယာပြခြင်း၊အနုပညာတ စ်မျိုးမျိုးဖြင့် မိမိထင်မြင်ယူဆချက်ကို ဖော်ထုတ်ခြင်း၊ဖန်တီးခြင်း ဖြစ်သည်။  ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ညီလာခံအစည်းအဝေးကြီးမှ လူ့အခွင့်အရေး များဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကြေညာစာတမ်းတွင် “လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင် ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟ ဖော်ပြနိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ အနှောင့် အယှက်မရှိဘဲ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့် ပါဝင် သည့်အပြင်၊ နိုင်ငံနယ်နိမိတ်များကို ထောက်ထားရန် မလိုဘဲ သတင်းအကြောင်းအရာနှင့် သဘောတရားများကို တနည်းနည်းဖြင့် လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှ ဖြန့်ချီခွင့်တို့လည်း ပါဝင်သည်။ ဟူ၍ စာပိုဒ် ၁၉ တွင် ဖော်ပြခဲ့ပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံဖြစ်​သော မြန်မာနိုင်ငံသည်လည်း ကုလသမဂ္ဂအဖွဲ့နှင့်ပူးပေါင်း၍ လူအခွင့်အရေးများကိုလည်းကောင်း၊ အခြေခံလွတ်လပ်ခွင့် အခွင့်အရေးများကိုလည်းကောင်း၊ ကမ္ဘာ့တဝှမ်းလုံးတွင် ရိုသေလေးစား ကျင့်သုံးစောင့်စည်းကြခြင်းကို အားပေးမည်ဟု ကတိပြုခဲ့သည်။ 

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၏ အင်္ဂါရပ်များ

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၏ အင်္ဂါရပ်များမှာ 

“ မိမိ၏ထင်မြင်ယူဆချက်များကို 

-လွတ်လပ်စွာထုတ်ဖော်ခွင့်ရှိသည် 

-လွတ်လပ်စွာလက်ခံရယူခွင့်ရှိသည် 

-လွတ်လပ်စွာတစ်ဆင့်ပြန်လည်ဖြန့်ဝေခွင့်ရှိသည် 

-ဖြန့်ဝေရာတွင်မိမိနှစ်သက်သည့်ကြားခံမီဒီယာကို အသုံးပြုခွင့်ရှိသည် 

-ဖြန့်ဝေရာတွင် နယ်မြေကန့်သတ်တားဆီးခြင်းမရှိစေရ” စသည်တို့ ဖြစ်သည်။ 

လွတ်လပ်စွာထုတ်​​ဖော်​ပြောဆိုခွင့်၏တားမြစ်ချက်များ

လွတ်လပ်စွာထုတ်​​ဖော်​ပြောဆိုခွင့်တွင် အင်္ဂါရပ်ရှိသကဲ့သို့ တားမြစ်ချက်များလဲရှိ​ပေသည်။ 

“လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်သည် တစ်ဦးတစ်ယောက်ထဲ ပိုင်သည့် အခွင့်အရေးမဟုတ်ပါ။ တစ်ပါးသူကို ထိခိုက်ပျက်စီးစေပြီး အကျိုးယုတ်စေမှုများကို ဥပဒေဖြင့် တားဆီးခွင့်ရှိသည်။ထိုသို့တားဆီးရာတွင် လူသားတို့ ၏အခြေခံလူ့အခွင့်အရေးကို မထိပါးစေရန် ဂရုစိုက်ရပေမည်။

လွတ်လပ်စွာ ထုတ်​​ဖော်​ပြောဆိုခြင်းကို ကန့်သတ်ခြင်းနှင့်ပတ်သတ်၍ ICCPR အပိုဒ် ၁၉ နှင့် ၂၀တွင်  အောက်ပါအတိုင်း ပြဌာဥ်း​ဖော်ပြထားသည်။

အပိုဒ် (၁၉)

“- အခြားသူများ၏ အခွင့်အ​ရေးများသို့မဟုတ် ဂုဏ်သိက္ခာကို လေးစားကာကွယ်ရန်။

– နိုင်ငံ​တော် လုံခြုံ​ရေး ပြည်သူ​အေး​ချမ်းသာ​ယာ​ရေးသို့မဟုတ် ပြည်သူ့ကျန်းမာ​ရေးသို့မဟုတ် လူ့ကျင့်ဝတ်တို့ကို ကာကွယ်​ပေးရန်။” ဟူ၍ လည်း​ကောင်း

အပိုဒ် (၂၀)

” – စစ်မက်တိုက်ခိုက်​ရေးအတွက်ဝါဒဖြန့်ချီ​ရေးမှန်သမျှကို တားမြစ်ရမည်။

– လူသားအချင်းချင်း ခွဲခြားဆက်ဆံမှု ရန်လိုမှု နှင့် အကြမ်းဖက်မှု မှန်သမျှ သွေးထိုးလှုံဆော်သည့် အမျိုးသား​ရေး သို့မဟုတ် လူမျိုး​ရေး သို့မဟုတ်ဘာသာ​ရေး အမုန်းပွားရန် ဝါဒဖြန့်ချီမှုမှန်သမျှကို ဥပ​ဒေဖြင့်တားမြစ်ရမယ်။ ” 

မြန်မာနိုင်ငံ၏လွတ်လပ်စွာထုတ်​ ဖော်​ပြောဆိုခွင့် အ​​​ခြေအ​နေ

၂၀၂၀ ကမ္ဘာ့ သတင်း ကင်းလွတ်ခွင့် ညွှန်းကိန်း အဆင့်သတ်မှတ်ချက် (world press freedom index)တွင်  မြန်မာနိုင်ငံသည် နိုင်ငံပေါင်း(၁၈၀) အနက် အဆင့်(၁၃၉)၌ ရပ်တည်နေသည်။ ဤ သို့ဆိုလျှင် မြန်မာ့ လွတ်လပ်စွာ ထုတ်​ဖော်​ပြောဆိုခွင့်သည် အစစ်အမှန်မဟုတ်ဘဲ ပုံရိပ်​ယောင် ဖြစ်နေသည်။ မြန်မာ့ လွတ်လပ်စွာ ထုတ်​ဖော်​ပြောဆိုခွင့်ကို မည်သည့်အချက်များက ပိတ်ပင်​နေသနည်းဟု မေးခွန်းထုတ်ချင်စဖွယ် ဖြစ်လာပြန်သည်။ လွတ်လပ်စွာထုတ်​ဖော်​ပြောဆိုနိုင်ရန်အလို့ငှာ ပြောဆိုသူတို့အ​ပေါ် အကာအကွယ်​ပေးနိုင်ရန်လဲ လိုအပ်​​သေးပြန်သည်။ ယေဘုယျ အားဖြင့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ကိုမည်မျှ အကာအကွယ် ပေးသည်ကို  

– Structural ဟုခေါ် ​​​သောဖွဲ့စည်းတည်ဆောက်ပုံ 

– Legal ဟု ခေါ်သော သတ်မှတ်ထားသော law များ 

– Society ဟုခေါ် ​​သာလူမှုပတ်ဝန်းကျင်စသည့် အချက်များဖြင့် တိုင်းတာ​လေ့ရှိသည်။ constitution ဟုခေါ်သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ​အောက် တွင် ပြဋ္ဌာန်း ထားသော ဥပဒေ များသည် လူမှု ပတ်ဝန်းကျင်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်၍ မည့်သည့် အတိုင်းအတာထိ ခွင့်ပြုထားမှု နှင့် ပြည်သူများ အနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကို အတားအဆီးကင်းစွာ​လက်ခံကျင့်သုံးမှုရှိ​ ခြင်းတို့ဖြစ်သည်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အကြမ်းဖက်ထားသည်ဟု ယူဆရသော နိုင်ငံများတွင် တူညီသော အကြောင်းအရင်းနှစ်ရပ်ရှိသည်။ယင်းတို့မှာ 

-နိုင်ငံရေး အရ ဖိနှိပ်လိုမှုနှင့် 

-ရိုးရာ ယဥ်ကျေးမှု အရ တားဆီး ပိတ်ပင်မှုတို့ ဖြစ်ကြသည်။

မြန်မာနိုင်ငံ၏ လွတ်လပ်စွာထုတ်​ဖော်​ပြောဆိုခွင့်နှင့်ဖိနှိပ်မှုများ

 မြန်မာနိုင်ငံ၏ ဥပ​ဒေ ပုဒ်မများတွင် 

  • ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ဃ 
  • မတရားအသင်းများအက်ဥပဒေ 
  • နိုင်ငံ​တော် လျှိ့ဝှက်အက်ဥပဒေ 
  • ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ 
  • ရာဇသတ်ကြီးဥပဒေပုဒ်မ၁၂၄က၊ ပုဒ်မ၂၉၅က၊ ပုဒ်မ၄၉၉-၅၀၀၊ ပုဒ်မ ၅၀၅
  • အီလက်ထရောနစ်အသွင်ကူးပြောင်းမှုဥပဒေ ပုဒ်မ၃၃နှင့် ပုဒ်မ၃၄(ဃ) တို့ဖြင့် မြန်မာ့ လွတ်လပ်စွာထုတ်​ဖော်​ပြောဆိုခွင့်အား စစ်မှန်​သော အခွင့်အ​ရေး မဖြစ်​စေရန် ဖိနှိပ်ထားပြန်သည်။ 

မြန်မာနိုင်ငံအတွင်း နေရာစုံ ဒေသစုံမှ အရွယ်စုံ လွတ်လပ်စွာ​ထုတ်​ဖော်​ပြောဆိုသူများကို ပြစ်ဒဏ်မျိုးစုံဖြင့် ဖိနှိပ်မှုများသည် လက်ရှိကာလအထိ ရှိ​နေသည်။ မကြာခဏမြင်​တွေ့ရသည့် ဖိနှိပ်မှုကား အသေရေဖျက်မှု ဖြင့် တရားစွဲ အရေးယူ ခံရခြင်း ဖြစ်သည်။ အသေရေ ဖျက်မှု ဆိုသည်မှာ မိမိ၏ လုပ်ရပ်ကြောင့် တစ်ပါးသူ၏ ဂုဏ်သိက္ခာ ညှိုးနွမ်း ပျက်စီး သွားခြင်းကို ဆိုလိုသည်။ တရားစွဲဆိုမည့်သူသည် မိမိ၏ ဂုဏ်သရေ သိက္ခာ ညှိုးနွမ်း မှုကြောင့် မည်၍ မည်မျှ အကျိုး စီးပွား ထိခိုက်သည်ကို တိုင်းတာနိုင်သော အထောက်အထား တင်ပြနိုင်မှ အသေရေဖျက်မှု မြောက်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် အသေရေဖျက်မှု ဖြင့် တရားစွဲဆိုခံရလျှင် ထောင်ဒဏ် အထိ အပြစ်ပေးပိုင်ခွင့်ရှိသည်။ မြန်မာနိုင်ငံတွင် အသေရေဖျက်မှု ဖြင့် တရားစွဲဆိုခံရလျှင် ထောင်ဒဏ် အထိ အပြစ်ပေးပိုင်ခွင့်ရှိသည်။ ယေဘုယျအားဖြင့် မြန်မာနိုင်ငံတွင် အသေရေဖျက်မှုနှင့် ပတ်သက်လျှင် အရေးယူနိုင်သော ဥပဒေ ၆ ခုရှိသည်။ အထင်ရှားဆုံးပုဒ်မများကို ဖော်ပြရလျှင် ဆက်သွယ်ရေးဥပဒေ နှင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ တို့ဖြစ်သည်။ ဆက်သွယ်ရေး ဥပဒေ သည် အသေရေဖျက်မှု ဖြင့် တရားစွဲ ဆို ခံရလျှင် ထောင်ဒဏ်ထိ အပြစ်ပေးပိုင်ခွင့်ရှိသော ဥပဒေ ပုဒ်မ တစ်ခုဖြစ်သည်။ အသံ အဖွဲ့၏ တင်ပြချက်အရ ယခု NLD အစိုးရလက်ထက် ပထမ လေးနှစ်တာကာလအတွင်း  ဆက်သွယ်ရေး ပုဒ်မ ၆၆ဃ ဖြင့် ဖမ်းဆီးအရေးယူ မှုပေါင်း ၂၂၉ ခုထိရှိ သည်ကို တွေ့ရသည်။ ထို့ပြင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅တွင်မည် သူမဆို အခြားသူ တစ်ဦးဦး ၏ အသေရေကို ဖျက်လျှင် ထိုသူကို ၂ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ ငွေ ဒဏ်ဖြစ်စေ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။ ရခိုင်ဒေသတွင် တပ်မတော်ကို စစ်ပွဲများ ရပ်ဆိုင်းပေးရန် ဆန္ဒ ထုတ်ဖော်သူများကို ထို ဥပဒေ ပုဒ်မ ၅၀၅ ဖြင့် အရေးယူခြင်း ခံရသည်ကို တွေ့ရသည်။ သို့သော် ဒီမိုကရေစီ ထွန်းကားသော အနောက်နိုင်ငံများတွင် အသေရေဖျက်မှု ဖြင့် အရေးယူခံရလျှင် နစ်နာကြေးပေးလျော်ခြင်း ဖြင့်သာ အမှုကို ဖြေရှင်း​ လေ့ရှိပြီး ထောင်ဒဏ် ချမှတ်ခြင်းမရှိပေ။ ထိုဥပဒေကို civil law ဟု ခေါ်သော နိုင်ငံသား ဥပဒေ အောက်တွင်သာ ထားလေ့ရှိသည်။ ထို့ကြောင့် အသေရေဖျက်မှုကို criminal law အောက်တွင် သတ်မှတ်ထားသော နိုင်ငံများကို ယေဘုယျ အားဖြင့် ဒီမိုကရေစီ အားနည်းသော နိုင်ငံ များဟု ဆို နိုင်သည်။ မြန်မာနိုင်ငံ သည် ဒီမိုက​​ရေစီ နိုင်ငံဟု ဆိုသော်လည်း အသေရေဖျက်မှု နှင့် ပတ်သက်လျှင် ပြင်းထန်သော ​အရေးယူမှုများကြောင့် ဒီမိုကရေစီ ၏ အခြေခံ အုတ်မြစ်ဖြစ်သော လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်အပေါ် အကာအကွယ် ပေးမှု အလွန် နည်းပါးသည်ဟု ကောက်ချက် ချနိုင်သည်။

နယ်ပယ်အသီးသီးမှ ငြိမ်းချမ်းစွာ ဆန္ဒထုတ်​ဖော်​သော ကျောင်းသား​ကျောင်းသူလှုပ်ရှားသူများ၊ နိုင်ငံ့ မဏ္ဍိုင်အတွက် အ​ရေးပါလှ​သော မီဒီယာ အဖွဲ့အစည်းများ၊ ဂျာနယ်လစ်များ အ​ပေါ် နိုင်ငံ​တော် အစိုးရ အဖွဲ့အစည်းနှင့် စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်း များက ဥပ​ဒေ ပုဒ်မများစွားဖြင့် တရားစွဲဆို ထောင်ချ အ​ရေးယူ​နေကြသည်။ လူ့အခွင့်အ​ရေး၏ အ​​​​ခြေခံ အချက်များကို ချိုး​ဖောက်ခံ​နေရသည့် နိုင်ငံသားတို့ အတွက် လွတ်လပ်စွာထုတ်​​ဖော်​ပြောဆိုခွင့်သည် ပုံရိပ်​ယောင် အခွင့်အ​ရေးသာ ဖြစ်​နေခဲ့သည်။ 

နိဂုံး

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်သည် ပြည်သူတစ်ရပ်လုံးအတွက် အရေးပါလှသော လူ့အခွင့်အရေး ဖြစ်သည်။ ဒီမိုကရေစီအခြေခိုင်မာရေး၏ ရေသောက်မြစ် လဲ ဖြစ်သည်။ တရားစီရင်ရေး မဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်စသည့် အခြေခံ အုတ်မြစ် ဖြစ်သော နိုင်ငံ မဏ္ဍိုင်၃ရပ်လုံး အတွက် လိုအပ်သော သော အထောက်အပံ့လဲ ဖြစ်သည်။ စတုတ္ထ မဏ္ဍိုင်ဟု တင်စားသော သတင်း မီဒီယာ၏ ကဏ္ဍသည် လွတ်လပ်စွာ ရေးသားခွင့် ရှိမှသာ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုး တက်ရေးနှင့်စည်းလုံးညီညွတ်ရေးကို အပြုသဘောဆောင်ရေးသား ဖော်ပြနိုင်မည် ဖြစ်သည်။  အချုပ်အားဖြင့်ဆိုသော် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်သည် ဒီမိုကရေစီ စံညွှန်း တစ်ရပ်ဖြစ်ပြီး လူသားတိုင်း ရသင့် ရထိုက်သော လူ့အခွင့်အရေး တစ်ရပ်ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံဖြစ်​သော မြန်မာနိုင်ငံတွင်  လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဖိနှိပ်ထားမှုများစွာ ရှိ​သော်လည်း လွတ်လပ်မျှတ​သော လူအခွင့်အ​ရေးရရှိ​စေရန် အခက်အခဲများစွာကို ရင်ဆိုင်ကာ နယ်ပယ်စုံ ကဏ္ဍစုံမှ ပြည်သူတိုင်း ကြိုးပမ်းကြရမည်ဖြစ်သည်။ 

 References 

  • Article 19, Universal Declaration of Human Rights(UDHR)
  • Article 19-20, International Covenant on Civil and Political Right (ICCPR)
  • Article 19 press, civic space; Myanmar Criminalisation of free expression
  • Reporters Without Borders(RSF); 2020 World press freedom index ranking
  • From AThan, Freedom of Expression Book
  • FOE- Freedom of expression and future nation, Ko Ye Wai Phyo Aung, Motivsuccess Talk 1.

By-Aye Chan Htwe, D.Seng Moon Maj, May Thawtar Phyu, May Thu Soe, Mya Kay Khaing